Myanmar3 Keyboard Layout

ယူနီကုဒ်ဖောင့်တွေကို ရိုက်တဲ့အခါမှာ မြန်မာ၃ဖောင့်အတွက် ဒီဇိုင်းလုပ်ထားတဲ့ ယူနီကုဒ် ကီးဘုတ်လက်ကွက်ဟာ မှတ်သားအရ အလွယ်ဆုံးနဲ့ အရှင်းဆုံး အကျုံ့ဆုံးဖြစ်တာကို သတိထားမိပါတယ်။ မြန်မာစာကို သင်ပုန်းကြီးအတိုင်း ရိုက်လို့ရအောင်လုပ်ပေးထားတဲ့ ဒီလက်ကွက်နဲ့ရိုက်ရင် စာရိုက်တဲ့အမြန်နှုန်း သိသိသာသာ တက်လာတာ သတိထားမိပါတယ်။ မလိုတော့တဲ့ ကီးအပိုတွေ ဖယ်ပြီး ကျုံ့အောင်လုပ်ပစ်လိုက်တဲ့အတွက် အရင့်အရင် လက်နှိပ်စက်၊ ဝင်း၊ ဇော်ဂျီလက်ကွက်တွေနဲ့ ကွဲသွားတာတွေ ရှိပါတယ်။ အဓိက ဝလုံး ယပက်လက် ဂငယ် နေရာတွေ ပြောင်းသွားတာပါ။ မြန်မာစာ စရိုက်တဲ့လူတွေအတွက် ဘယ်လက်ကွက်ထက်မဆို လွယ်ပါတယ်။ တခြားကီးဘုတ်က ပြောင်းတဲ့သူတွေအတွက် နည်းနည်းသတိထားပြီး တစ်ပတ်လောက် ကျင့်ယူလိုက်ရင် ကျွမ်းကျင်သွားမှာပါ။

 

အခုဒီမှာပြထားတဲ့ လက်ကွက်ပုံကို မြန်မာနိုင်ငံမှာ ဝီကီအရေးဆုံးလူဖြစ်တဲ့ ကိုမြတ်သွင်က မှတ်သားရလွယ်ကူအောင် ရည်ရွယ်ချက်နဲ့ ပြန်ဆွဲပေးထားပါတယ်။ မြန်မာ၃ လက်ကွက်ကို အသုံးပြုတဲ့ စာရိုက်သွင်းနည်း ဆော့ဝဲတွေကတော့ -

 

၁။ မြန်မာ၃ နဲ့အတူပါလာတဲ့ ကီးမန်းကီးဘုတ်

၂။ ဝင်းဒိုးနဲ့ OSX နှစ်မျိုးလုံးမှာရတဲ့ ကီးမက်ဂျစ်

၃။ ဝိဇ္ဇာစာရိုက်စနစ် တို့ ဖြစ်ကြပါတယ်။

 

ဒီပုံကို ဘယ်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါတယ်။

Tags: 

Comments

I will add to Download Package

mmlanguage's picture

Thanks for the sharing this Keyboard Layout, bro.
I will add this layout into our font download package.

မြန်မာစာရိုက်တဲ့အခါ ကွင်းစ၊

suntun's picture

မြန်မာစာရိုက်တဲ့အခါ ကွင်းစ၊ ကွင်းပိတ်နှင့် single quote, double quote တို့ အပေါင်း အနုတ် ကော်မာ slash, question mark စသည်တို့ကိုလည်း လက်ကွက် မပြောင်းဘဲ ရိုက်လို့ရတယ်

စကားလုံး ရိုက္တာ ပုံမှန်မပြဘူး

nyanmmyittar's picture

မြန်မာလက်ကွက်တွေထဲမှာ ဒီမြန်မာ၃ လက်ကွက်ကို အကြိုက်ဆုံးပါပဲ။

ဒါပေမဲ့ ဒီမြန်မာ၃ လက်ကွက်နဲ့ (ဂျေ) ဆိုတာကို ရိုက်ရင် တဝေထိုးပြီး ဝလုံးလေးပုံစံ အဝိုင်းလေးက တဝေထိုး နဲ့ (ဂငယ်) ကြားမှာ ခံခံနေတော့ ဒီလိုပုံစံ (ေဂျ) ပဲဖြစ်ဖြစ်နေတယ်။

ဝိဇ္ဇာ၊ ကီးမက်ဂျစ်နဲ့ ရိုက်လည်း ဒီမြန်မာ၃ လက်ကွက် ပြောင်းသုံးလိုက်တာနဲ့ အဲဒီတိုင်းဖြစ်နေပါတယ်။ ဒီစာရိုက်ကိုတော့ မြန်စံ နဲ့ရိုက်ပါတယ်။

ငြမ်းမေတ္တာ

သဝေထိုး

Lionslayer's picture

ယူနီကုဒ် Encoding အရ သဝေထိုးက (ဗျည်း)ဂငယ် နဲ့ (ဗျည်းတွဲ) ယပင့်ပြီးမှ သဝေထိုး လာတယ်။ မြန်မာသုံးမှာပါတဲ့ Bug မပြင်ရသေးတာ ဖြစ်ပါလိမ့်မယ်။ လောလောဆယ်တော့ အဲဒီသဝေထိုးကို ဂငယ်ယပင့်နောက်ကို Cut and paste ရွှေ့လိုက်ရင် အမှန်ပေါ်ပါလိမ့်မယ်။

Keymagic

Lionslayer's picture

လောလောဆယ် ကီးမက်ဂျစ်သုံးရိုက်ပါတယ်။
ဂျေ

ရပါတယ်။ နောက်ဆုံးဗားရှင်းကို သုံးကြည့်ပါ။

Bug to fix

nyanmmyittar's picture

ဒီ မြန်မာ၃ လက်ကွက်မှာ ရှိနေတဲ့ Bug ကို တစ်ယောက်ယောက် ပြင်ပေးပါလားလို့ တောင်းဆိုချင်ပါတယ်။ ဒီမြန်မာ၃ လက်ကွက်နဲ့ (ဂျေ) ဆိုတာကို ရိုက်ရင် တဝေထိုးပြီး ဝလုံးလေးပုံစံ အဝိုင်းလေးက တဝေထိုး နဲ့ ဂ (ဂငယ်) ကြားမှာ ခံခံနေတော့ ဒီလိုပုံစံ (ေဂျ) ပဲဖြစ်ဖြစ်နေပါတယ်။ ​ကျေးဇူး။

အပိုင်းကိန်းရိုက်မရပါ

Sei Thu's picture

အပိုင်းကိန်းဘယ်လိုရိုက်ရမလဲမသိပါဘူး....
ရိုက်လို့ရရင် ရိုက်နည်းလေးပြောပြပေးပါ...
ကျေးဇူးတင်ပါတယ်................

Keyman keyboard with myr3

tunthawoo's picture

Dear Ko Lionslayer,
I still cannot download unicode keyboard as whenever clicked the link, its website shows 'server not found'. Really appreciate if can upload the keyman keyboard with myanmar3 with simple hosting site like mediafire.
Thanks a million.
TTO

Thanks

tunthawoo's picture

Thanks. I can download it now.

Thanks

tunthawoo's picture

Thanks. I can download it now.

Thanks

tunthawoo's picture

Thanks. I can download it now.

Myanmar3 KB

tunthawoo's picture

ယူနီကုဒ် ကီးဘုတ် ထည့် တာ မအိုကေ သေးလို့ပါ။ ဝင်းဒိုး အသစ်တင်လိုက်လို့ အကုန် အစက ပြန်လုပ်နေရပါတယ်။
ယူနီကုတ်ဖောင့် သုံးစွဲရန် လမ်းညွှန် အတိုင်း Keymegic အင်စ​တော လုပ် ကြည့်ပါတယ်။ မြန်စံ၊ My Win, ပုရပိုက် တို့ နဲ့ ရိုက်လို့ ရပါတယ်။
My Win နဲ့ ပုရပိုက် ကတော့ ၀င်းလက်ကွက်တွေ သုံးထားတယ်။
မြန်စံ က​တော့ သင်ပုန်းကြီး အတိုင်း ရိုက်လို့ ရတယ်။ ဒါပေမယ့် ကီးဘုတ် layout က myanmar3 နဲ့မတူဘူး။ ဂ ငယ်က ၈ ရောက်နေတယ်။ ပါဌ်ဆင့် တွေ၊ ကင်းစီးတွေ ရိုက်တော့ မျက်စိလည် လို့ သ​ဝေထိုးကို ဗျည်းနောက်မှာ ရိုက်ရတဲ့ ကီးဘုတ် လိုချင်ပါတယ်။ သ​ဝေထိုးကို ဗျည်းနဲ့ ဗျည်းတွဲနောက်မှ ရိုက်ရတဲ့ လက်ကွက်ကို အကျွမ်းတဝင် ဖြစ်နေပါပြီ။
အရင်က ယူနီကုဒ် ကီးဘုတ်ကို Keyman နဲ့ အင်စ​တော လုပ်ပြီး ရိုက်ခဲ့တယ် ထင်ပါတယ်။ ဘီဘီစီ ဝက်(ဘ) ဆိုက်က​နေလည်း ကီးဘုတ် အင်စ​တော လုပ်ဖူးတယ် ။
အခု myanmar3std.kmn ဆိုတဲ့ ဖိုင်လေးရပါတယ်။ အဲဒါလေးနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ဆက်ပြီး လမ်းညွှန်ပါဦး ခင်ဗျား။ (ဒီ ကီးဘုတ်က​တော့ သ​ဝေထိုး ကို နောက်မှ ရိုက် လို့ ရ ပါတယ် နော်။) အရင် ပထမဆုံး ယူနီကုတ် အင်စ​တော လုပ်တုန်းက ဒီလောက် မခက်ဘူး လား လို့ ။
အခု ဒီစာကို တော့ ဗေကီးဘုတ် ထည့် ထားတဲ့ တက်ဘလက် နဲ့ ရိုက်တာပါ။

လေးစားစွာဖြင့်
TTO

myanmar3std.kmn ဖိုင်က

myanmar3std.kmn ဖိုင်က keyman နဲ့သုံးတာ သဝေထိုး အမြင်အတိုင်းရိုက်သုံးတာ, ဝင်းဒိုး ၈, ၁၀ အတိုင်းသုံးချင်ရင်တော့ အောက်ကလင့်ကို ဒေါင်းပြီးသွင်းပါ။
https://www.facebook.com/download/1496617103945228/myanmar_Unicode_keybo...

Ok and thnks

tunthawoo's picture

အဆင် ပြေသွား ပါပြီ။ ကျေးဇူးတင်ပါတယ်။
သူငယ်ချင်းတွေကို လည်း ယူနီကုဒ် သုံး ဖို့ တိုက်တွန်းတိုင်း ဒီကီးဘုတ်ကိုပဲ သုံးဖို့ လမ်းညွှန်ပါမယ်။ အလွယ်ဆုံး အင်စ​တော လုပ်လို့ ရလို့ပါ။
( ကျန်တာတွေက ဝင်း ၊ ဇော်ဂျီ လက်ကွက်အတိုင်း ရိုက်လို့ရ​အောင် ဆိုပြီး သုံးစွဲသူ အဆင်ပြေအောင် လုပ်ပေးကာမှ Keyman တွေ Keymafic တွေနဲ့ ယူနီကုဒ် ဟာ သိပ်ရှုပ်၊ သိပ်ခက်ပါလား လို့ ထင်သွားနိုင်ပါတယ်။ ) လက်ကွက်က ကျင့်လိုက်ရင် ခဏပါပဲ။

unicode

tunthawoo's picture

စိတ်ရှည်လက်ရှည် ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။ ကျနော့်စက်မှာ myanmar3, myanmar Census, pyidaungsu တို့ထည့်ထားပါတယ်။ ဒါပေမယ့် lionslayer.yoeyar.com က ပို့(စ)တွေက လေ့ထောင့်တုံးတွေ ပေါ်နေတယ်။
ဇော်ဂျီကို ယူနီကုဒ်ပြောင်းပေးတဲ့ add-on လည်း ထည့်ထားပါတယ်။ ဒါပေမယ့် FB က ပို့(စ)အချို့ နဲ့ ဘလော့အချို့က စာတွေကိုပဲ ယူနီကုဒ်အဖြစ် ဖတ်လို့ရပြီး အများစုက ယူနီကုဒ်နဲ့အမှန်မပေါ်ပါဘူး။ ဘာဖြစ်လို့ပါလဲ။ (Firefox သုံးတာပါ။)